ပုလဲမှုန့်နဲ့ အရေပြား
01-Mar-2017
ပုလဲမှုန့်ဟာဆိုရင် မယုံကြည်နိုင်လောက်ပဲ အရေပြားလှပဖို့ကို အကျိုးပြုပါတယ်။
ရှေးနှစ်ပေါင်း ၄၀၀၀ ခန့်ကဆိုရင် တရုတ်အမျိုးသမီးတွေဟာ သူတို့ရဲ့ မျက်နှာပြင်ကို ပုလဲမှုန့်နဲ့ လိမ်းပေးတတ်ကြပါတယ်။ အဲဒီနေရာမှ ပုလဲမှုန့်ရဲ့ ကောင်းကျိုးနဲ့ အာနိသင်
တွေကို တွေ့ရှိခဲ့ကြတာပါ။
ပုလဲမှုန့်က အရေပြားမှာဖြစ်နို်င်တဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားကို နူးညံ့ချောမွတ်စေရုံသာမက ကြည်လင်လန်းဆန်းမှုကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ပုလဲမှုန့်မှာပါဝင်တဲ့ အမို်င်နိုအက်ဆစ် ၂၀ - ၂၂ ဟာဆိုရင် အရေပြားအတွက် လွန်စွာမှ အကျိုးပြုပါတယ်။ အရေပြားဆဲလ်အသစ် ဖြစ်ပေါ်စေတဲ့ ပရိုတင်းဓာတ်တွေ
လည်း ပါဝင်နေပါသေးတယ်။ ဒါ့အပြင် အရေပြားအောက်ရှိ ကြွက်သားတွေ သန်မာစေဖို့ အထောက်အကူပြုပေးတဲ့ ဗိုက်တာမင် B Complex လည်း ပါဝင်ပါတယ်။
အဲ့ဒါအပြင် နောက်ထပ်ပြီး ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်နေပြန်သေးတဲ့အတွက် အရေပြားကို အထူးကောင်းမွန်စေပါလိမ့်မယ်။ ဒါ့ကြောင့်မို့ ပုလဲမှုန့်ဟာ အရေပြားအတွက် အာနိသင်ကောင်းတွေ ရှိတယ်လို့ ခေတ်အဆက်ဆက်က အရေပြားကျွမ်းကျင် ပညာရှင်တွေက ယုံကြည်လက်ခံခဲ့ကြတာပဲ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဧကရီ
Health for ALL magazine – No.107, December 2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

